ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

27 Pic_01 27 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှတာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်တွင်ဖြစ်ပွားခဲ့သော ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/- ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၈,၉၀၀/-) ကျပ်အား (၂၇-၂-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများအတွက် နွယ်နီကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_feb2019

Source:         ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events