လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေလုပ်သားအဖွဲ့ဖွံ့ဖြိုးမှု (FDA) အဖွဲ့နှင့် ဖျာပုံမြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၇-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံ၌ ကျေးလက်ပြည်သူတွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ဆောင်ရွက်နေမှုအခြေအနေများ၊ ယခုရာသီ အချိန်တွင် ဖြစ်ပေါ်နေသည့်လေပြင်းဘေးနှင့် မီးဘေးကာကွယ်ရေးများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအားလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_feb2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)