လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ် (မင်းလမ်း) ကျေးရွာ၌ (၂၁-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးနှင့် ပြင်ပမှဝယ်သူသော ပစ္စည်း (၃) မျိုးအပါ)နှင့် Family Kit (၁) ပုံးတို့အား (၂၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_feb2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)