Author Archives: Department of Disaster Management

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၂/၂၀၁၉) (၂၀၁၉ ခုနှစ်၊ မတ်လ (၃) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

    “ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် (၅.၃.၂၀၁၉) ရက်နေ့မှ (၈.၃.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

  • မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)မှ(၁၀:၀၀)နာရီအချိန်ထိ မိုင်ဆတ်မြို့နယ်၊ ဝိန်းနေရပ်ကွက်၊ စိန်ပီတာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာ ဟောပြောပို့ချမှသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၁၉)နေ့ (၁၁ ၀၀) နာရီချိန်မှ(၁၂ ၀၀) အချိန်ထိ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ဆန်ဂေါင်ကျေးရွာရှိ ကျေးရွာသူ/သား(၆၀)ဦးအား လည်းကောင်း (၁၃ ၀၀)မှ (၁၄ ၀၀)နာရီအချိန်ထိ မန်စေကျေးရွာအုပ်စု၊ မူငုံရ်ကျေးရွာတွင် ကျေးရွာသူ/သား(၁၃၀) ဦးအားလည်းကောင်း မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များအား ဟောပြောဆွေးနွေးခြင်းနှင့် ရပ်ရွာလူထုအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအား ပေါင်းစပ်ညှိနှိုင်း၍ဖွဲ့စည်းခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း များဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ (၁-၃-၂၀၁၉) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁ရး၀၀)နာရီအချိန်အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပညာရေးကောလိပ်၊ ပညာရတနာခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတို့ အားဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ သင်တန်းသား/သူ (၄၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_eqk #simex_eqk #ayy_feb2019 Source:         ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉)ရက်နေ့ (၁၈၄၅)နာရီချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ်(၃၃၈/၃၃၉)ရှိ ဟွန်ဒါမြန်မာ (Honda Myanmar) အထပ်သားစက်ရုံတွင် လွှစာမှုန့်များသို့ မီးကူးစက်၍ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၁၃)ဦးဒဏ်ရာရ၊ လူ(၁)ဦးသေဆုံးခဲ့သဖြင့် (၁၉-၂-၂၀၁၉)ရက်နေ့တွင် ဒဏ်ရာရလူနာထောက်ပံ့ငွေနှင့် သေဆုံးထောက်ပံ့ငွေများအား  ဘေးသင့်ပြည်သူများ၏ မိသားစုနှင့် ကျန်ရစ်သူမိသားစုထံသို့ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရသူ(၁၃)ဦးအနက်မှ (၉)ဦးသည် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသောကြောင့် (၁-၃-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သေဆုံးထောက်ပံ့ငွေကျပ် … Read more

  • တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည်‌ တည်‌‌ဆောက်‌‌ရေး‌ကော်‌မတီဝင်‌များဖြစ်‌သည့် တိုင်း‌ဒေသကြီးလွှတ်‌‌တော်‌ကိုယ်‌စားလှယ်‌ဦးဘိုဘိုမင်းဇော်‌၊ မြို့နယ်‌/‌ကျေးရွာ‌‌ကော်မတီ‌အဖွဲ့ဝင်‌များနှင့် အတူ (၂-၃-၂၀၁၉)ရက်နေ့၌ ဖျာပုံမြို့နယ်‌‌ဒေါ်ညိမ်းကျေးရွာအုပ်‌စု၊ ပက်‌ပြဲ‌ကျေးရွာတွင် ‌‌‌ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်‌ယူဆောက်‌လုပ်‌‌နေသည့် Multi purpose shelter ၏ တည်‌ဆောက်‌ရေးလုပ်ငန်း ‌‌‌‌‌၂၅% ပြီးစီးမှုအ‌ခြေအ‌နေအား ကွင်းဆင်းစ‌စ်‌‌ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့၊ မီးရထားရပ်ကွက်တွင် (၂၇- ၂-၂၀၁၉) ရက်နေ့၌ မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၀၀,၀၀၀)၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁ဝ)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ရန်ပုံငွေကျပ် (၂၁,၀၀၀)၊ စုစုပေါင်းရန်ုပုံငွေကျပ် (၃၂၁,၀၀၀)ကျပ်နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ (၂)ပုံး၊ Unicef Hygiene kit (2 set)၊ Latrine Pan/Pipe ( 2 set)တို့အား (၁-၃-၂၀၁၉)ရက်နေ့၊ (၁၂၀၀)နာရီအချိန်တွင် သီပေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events