လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ (၁-၃-၂၀၁၉) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁ရး၀၀)နာရီအချိန်အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပညာရေးကောလိပ်၊ ပညာရတနာခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတို့ အားဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ သင်တန်းသား/သူ (၄၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar_eqk
#simex_eqk
#ayy_feb2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)