လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တည်ဆောက်ရေးကော်မတီဝင်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်၊ မြို့နယ်/ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် အတူ (၂-၃-၂၀၁၉)ရက်နေ့၌ ဖျာပုံမြို့နယ်ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာတွင် ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် Multi purpose shelter ၏ တည်ဆောက်ရေးလုပ်ငန်း ၂၅% ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။