ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ State Secretary for Development Policy ဖြစ်သူ Ms. Trine Rask Thygesen ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ

2 Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ State secretary for Development Policy ဖြစ်သူ Ms. Trine Rask Thygesen ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရသစ်တာဝန်ယူချိန်မှစ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့မှုများ၊ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက် UEHRD အစီအစဉ်ဖြင့် လည်ကောင်း၊ လူငယ်လုပ်အားပေးမှုအစီအစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC / IFRC တို့နှင့် ပူးပေါင်း၍ ကြက်ခြေနီ လှုပ်ရှားမှုအဖြစ်လည်းကောင်း  ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုး၍ စာချုပ်ပါအတိုင်း မြန်မာဘက်မှ ပြင်ဆင်ထားရှိမှုများနှင့် ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု လက်ရှိ အခြေအနေများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် ရခိုင်ပြည်နယ် ရင်နှီးမြှုပ်နှံမှုပြပွဲအား ကျင်းပခဲ့မှုအခြေအနေများ၊ ဒိန်းမတ်နိုင်ငံရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာခဲ့မှုမှ တွေ့ရှိမှုများ၊ ဒိန်းမတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြာင်း သတင်းရရှိပါသည်။

#hl1

#npw_mar2019

နေပြည်တော်၊ မတ် ၁

Sign Up

Upcoming Events