Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ ကရဝိတ်(၂)လမ်း ၊ အိမ်အမှတ် (၅၂၇)တွင် (၁၀ – ၃ – ၂၀၁၉) ရက်နေ့ (၀၈း၄၅) နာရီချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ထောင် နေအိမ် (၉)လုံး၊ RC (၂)ထပ်တိုက် (၅)လုံး ၊ စုစုပေါင်းနေအိမ် (၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၂၇)စုမှ လူဦးရေ (၁၅၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၂၇) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၈,၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    (၁၀ – ၃ – ၂၀၁၉) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် ၊ နယ်မြေ (၈) တွင် နေအိမ် (၂) လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)ကျပ် မီးဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေဖိုးထောက်ပံ့ငွေ (၂၁,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၂၂၁,၀၀၀ိ/-)ကျပ်နှင့် (၇၅၃၆၂ိ/-) ကျပ် တန်းဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင် စုစာတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၊ မဲဇလီကွင်းကျေးရွာ၌ (၉-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(သစ်အိမ်) (၁) လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ care myanmar ပလတ်စတစ်ဖျာ(၁)ချပ်တို့အား ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

  • လေဘေးကြိုတင်ပြင်ဆင်ရေးအတွက်လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉)ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ လူစည်းကားသောဈေးနှင့် ကားဂိတ်များတွင်လည်းကောင်း၊ မတ်လ၊ဧပြီလနှင့်မေလများတွင် ဖြစ်ပွား လေ့ရှိသော လေဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ကျေးရွာအုပ်စု (၄၂)အုပ်စုတို့အား လည်းကောင်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar #sgg _mar2019  

  • ဘိုက‌လေးမြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော Multi purpose shelter (၂) လုံး၏ ၂၅% လုပ်ငန်‌းပြီးစီးမှုအ‌ခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘိုက‌လေးမြို့နယ်၊ မြစ်ပိုးကျုံစိန်‌‌ကျေးရွာတွင် တာဝန်ယူ‌ဆောက်လုပ်‌‌နေ‌သော Apex Partner Coနှင်‌့ ကြိမ်‌‌ချောင်‌းကြီး‌ကျေးရွာတွင် တာဝန်ယူ‌ဆောက်လုပ်‌‌နေ‌သော ဥ‌ဒေါင်‌း‌နေခြည်ကုမ္ပဏီတို့၏ Multi purpose shelter (၂) လုံးမှ ၂၅% လုပ်ငန်‌းပြီးစီးမှုအ‌ခြေအ‌နေအား ဘိုက‌လေးမြို့နယ်တည်‌‌ဆောက်‌‌ရေး‌ကော်မတီအဖွဲ့ဝင်များနှင်‌့ အတူ ကွင်‌းဆင်‌းစစ်‌‌ဆေးရာတွင် ပူး‌ပေါင်‌း‌ဆောင်ရွက်ခဲ့ပါသည်။ ထို့‌နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား သဘာဝ‌ဘေးအသိပညာ‌ပေးလက်ကမ်‌းစာ‌စောင်များကို ကျေးရွာပြည်သူများဖြန့်‌ဝေ‌ပေးနိုင်‌‌ရေး‌ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #ayy_mar2019 Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လှိုင်သာယာမြိုနယ်ရှိမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၉-၃-၂၀၁၉)ရက်နေ့(၁ရး၁၅)နာရီချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာအုပ်စု ၊ ပန်းလှိုင် ဂေါက်ကွင်းပတ်လမ်းရှိ လန်းဆန်းကုန်ခြောက်ဆိုင်တွင် ဝရိန်မီးပွားကျရာမှ တဆင့် စက်သုံး ဆီပေါ်မီးကူးစက်၍ မီးလောင် မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၁၀၀)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁၀၆)မှ လူဦးရေ(၄၂၂)ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဘေးသင့်ပြည်သူများအား အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသဖြင့် (၁၀-၃-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၆)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေကျပ်(၈,၈၆,၂၀၀) ကျပ်နှင့် မီးဘေးသင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (၆)ဦး (ကျား-၁၊ မ-၅) … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိလာသော အိမ်ထောင်စု (၃၅၉)စုအ တွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၃၅၉)ပုံး၊ လူဦးရေ (၁၄၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃,၀၇၈,၆၀၀) ကျပ်အား (၈-၃-၂၀၁၉)ရက်နေ့(၁ရး၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေး/စီမံ ပြည်နယ်ဦးစီးမှူးတို့နှင့်အတူ ပြည်သူများ လက်ဝယ်အရောက်  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ #ha_otr #shn_mar2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်မှုသတင်း

    မတ်လ ၁၀၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် (စမ်းချောင်းသာကွင်း)၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Project K မှ အဖွင့်သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြု အမှာစကားကို ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော်အဆင့်လုပ်ငန်း ယန္တားရားကြီးတစ်ခုအဖြစ်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် လိုအပ်သော မူဝါဒများ၊ ဥပဒေများ … Read more

Sign Up

Upcoming Events