Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးများညေး ကျေးရွာ၌် (၄-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၁၀၀)ဦးတို့ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာ၌် (၅-၄-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၈၀)ဦး တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ar # kyh_apr2019

  • လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင် သဖြင့် (၅-၄-၂၀၁၉) ရက်နေ့၌ လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်ရည် အားနည်းသည့်နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်းလူငယ်များတို့နှင့်ပူးပေါင်း၍ နေအိမ်များမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar_sgw # ayy_apr2019

  • အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်စိုက်ထူမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉)ရက်နေ့၌ တောင်ငူခရှိင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့ ပန်းခြံရှေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ဆိုင်းဘုတ် (၁) ခုအား စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # bgo_apr2019

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့၌ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စု၊ ဘောကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၁)လုံး ဘေးသင့်ခဲ့ပြီး၊ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောက်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၁)အိမ်ထောင်စာတို့အား(၅-၄-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောင်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # shn_apr2019

  • လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင် သဖြင့် (၅-၄-၂၀၁၉) ရက်နေ့၌ ပင်းတယမြို့နယ်၊ ကုန်းပေါ်ကျေးရွာ၊ ပေါစံသီးကျေးရွာ၊မြေခြားမြောက်ကျေးရွာနှင့် ပိန္နဲပင်ကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများ ပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်တွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့နှင့် ကျေးရွာများရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကသာမြို့နယ် ၊ ကျောက်ထုံးကြီး ကျေးရွာအုပ်စု၊ လက်ပံဇင်ကျေးရွာ၌  (၃-၄-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စုစာ ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၃၁၅၀၀) ကျပ်တို့အား (၅-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ # … Read more

  • လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉) ရက်နေ့၌ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာမှ လေပြင်းဒဏ်ခံနိုင်ရည် အားနည်း သည့် နေအိမ်များအား ဇရပ်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့် ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar_sgw #ayy_apr201 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျှက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ခိုးရားခူကျေးရွာနှင့် ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားညေး ကျေးရွာများသို့ (၄-၄-၂၀၁၉) ရက်နေ့တွင် ရေဂေါလံ (၃၀၀၀) ဆံ့ ရေသေယ်ယာဉ် (၁) စီးစီ စုစုပေါင်းရေသယ်ယာဉ် (၂) စီးဖြင့် သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ # ha_drg #kyn_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရုံးကြီးထောင့်၌ မုန်တိုင်းဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေဘေးထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၉) ရက်နေ့၌ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာ (၅) ရွာတို့တွင်  လေပြင်းတိုက် ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ်အလုံး (၉၇) အမိုးလန်ခဲ့ပြီး၊ လူနေအိမ် (၉၇) လုံးအတွက် ကျောင်းဆောက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၂၉၈၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး … Read more

Sign Up

Upcoming Events