Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါကာကွယ်လျော့ပါးရေးအတွက်Maskများဝေငှမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ ကုလားကုန်းထိပ်နှင့် မင်းဘူးမြို့မစျေးပတ်လမ်းများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ  Coronavirus Disease (Covid-19) ကာကွယ်၊ လျော့ပါးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများ၊ မင်းဘူးမြို့နယ် (ရဲတပ်ဖွဲ့၊ ​ယာဥ်ထိန်းရဲတပ်ဖွဲ့)တို့နှင့်ပူးပေါင်း၍ ပြည်သူများသို့ Mask များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာတွင် မီးဘေးကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ခြေ (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ဖိုး (၇) ရက်စာထောက်ပံ့ဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံးတို့ကို (၁၉-၁၁-၂၀၂၀) ရက်နေ့၊ … Read more

  • ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs)ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးအား Video Conferencing ဖြင့် ကျင်းပ

    နိုဝင်ဘာ ၁၉ ၊ နေပြည်တော် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs)ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ညနေပိုင်းတွင် Video Conferencing ဖြင့်ကျင်းပရာ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည် နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည် နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတို့ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုကိစ္စနှင့်ပတ်သက်၍ ကချင်ဒေသတိုက်ပွဲရှောင် ပြည်သူများ အားကူညီစောင့်ရှောက်ရေးကော်မတီ … Read more

  • ရေသန့်ဆေးပြားနှင့် Mask များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ Facility Quarantine Center တွင် အသုံးပြုနိုင်ရေးအတွက် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရေသန့်ဆေးထုပ်(၂၄၀)ထုပ်ပါ(၁၀)ဖာနှင့် Mask(၁၀၀)ခုအားလည်းကောင်း၊ မြသိင်္ဂီသီလရှင်(သင်) ပရဟိတပညာရေးမူလွန်ကျောင်းတွင် ရေသန့်ဆေးထုပ်(၂၄၀)ထုပ်ပါ (၃)ဖာနှင့် Mask(၅၀)ခုအားလည်းကောင်း၊ ခိုလှုံရာပရဟိတတွင် ရေသန့်ဆေးထုပ်(၂၄၀)ထုပ်ပါ (၂)ဖာနှင့် Mask (၅၀)ခု၊ စုစုပေါင်းရေသန့်ဆေးထုပ်(၁၅)ဖာနှင့် Mask(၂၀၀)ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #ayy_nov2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူပူပေါင်း၍ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ အောင်ဇေယျရပ်ကွက်၊ အောင်မြင်စျေး၊ ဘူတာလမ်းစုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံရှေ့တို့၌ COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောလက်ကမ်းစာစောင်များနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask(၁,၀၀၀)ခုအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီထိ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်နှင့် ကြံ့ခိုင် ရေးရပ်ကွက်တို့၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများ ပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် ဦးစီးဌာနမှထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၁၉-၁၁-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုမိုစောကျေးရွာအုပ်စု၊ ခါးဘယ်ကျေးရွာ၊ ဒိုမိုစောကျေးရွာ၊ ဟိုယာကျေးရွာအုပ်စု၊ ရီကီဘူးကျေးရွာနှင့် ဟူမိုထိကျေးရွာများရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ ယကြီးကျေးရွာနှင့် မြေခြားကျေးရွာတို့၌ COVID-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ဆွတ်ယွဲကျေးရွာ၊ ဟွေဖတ်ကျေးရွာ၊ နောင်ယန်းကျေးရွာ၊ ပတ်ချက်ကျေးရွာ၊ဝမ်ဆန်ကျေးရွာနှင့် ဟွေလွန်းကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိ ပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • COVID-19 ကူးစက်ရောဂါဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ အုန်းတောကျေးရွာတွင် COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးပန်ကြားချက်များအား ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #rke_nov2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events