မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာတွင် မီးဘေးကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ခြေ (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ဖိုး (၇) ရက်စာထောက်ပံ့ဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံးတို့ကို (၁၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၆း၃၀) နာရီ အချိန်တွင်  ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#tny_nov2020

 

Sign Up

Upcoming Events