Author Archives: Department of Disaster Management

  • အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၃၃/၂၀၁၉)

    ======================================= (၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================= အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ ======================================== (က)ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Extremely Severe Cyclonic Storm) “ဖန်နီ”(FANI) သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင် ဘက် မိုင်(၁၃၀) ခန့်၊ ဒီဂါမြို့(Digha)၏ … Read more

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ တောရွာကျေးရွာ၊ အင်ကြင်းမြိုင်တဲတိုက်၌ သောက်သုံးရေပြတ်လပ်လျက်ရှိပါသဖြင့် အကူအညီတောင်းခံလာမှုအပေါ် ရေဂါလံ (၂၉၀၀) အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာပြည်သူများထံသို့ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #mgy_apr2019Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၁၉) ရက်နေ့တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအုပ်စု၊ ဝါးရင်းချိုင်ကျေးရွာ၌ သောက်သုံးရေရှားပါး၍ အခက်အခဲကြုံတွေ့နေရသော ကျေးရွာနေပြည်သူ အိမ်ထောင်စု (၃၈၀) စု၊ လူဦးရေ (၁၅၀၀) ဦးခန့်တို့အတွက် သောက်သုံးရေ ဂါလံ (၁၄၀၀၀) အား ဦးစောထူးအောင်နှင့် အဖွဲ့(ကမ္မ)၊ ရဲမှူးသိန်းထွန်းဇော်+ဒေါ်ဆုမွန်ထိုက်မိသားစုနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့နှင့် အတူ ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source:         ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ” မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၅/၂၀၁၉) “

    (၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ထုတ်ပြန်ချက်)” မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလအတွင်း လေထုမငြိမ်မသက်မှု များကြောင့် လည်းကောင်း၊ နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံ တက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်း ကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ … Read more

  • အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၈/၂၀၁၉)

    (၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက် တောင်ဘက် မိုင်(၃၆၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်-အရှေ့ တောင်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ … Read more

  • တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာအနီးတွင် နေအပူချိန်လွန်ကဲ၍ တောမီးလောင်ရာမှ တောင်ပေါ်ရွှေတောင်ဘုန်ကြီးကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင် (၁)ဆောင်မီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့်အဆောင်အတွက် ဆောက်လုပ်ရေးပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်ကို (၃၀-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများအား ပခုက္ကူမြို့နယ်၊ လက်ပန်ကျွန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ရန်အတွက် စေတနာလူမှုကူညီရေးအသင်းမှညှိနှိုင်းလာပါသဖြင့် (၃၀-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀)အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခင်း၊ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် စေတနာလူမှုကူညီရေးအသင်းမှ ဦးရဲကျော်ထက်ကစီမံကိန်းအားမိတ်ဆက်ရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာကျေးရွာနေပြည်သူ(၁၁၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၉)ရက်နေ့ (၀၇၀၀)နာရီအချိန်က မင်းလှမြို့နယ်၊ ကညင်းကြီးကျေးရွာအုပ်စု၊ ကညင်းကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သော  အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ် နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၅,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇,၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁)အိမ်ထောင်စာတို့အား  (၁-၅-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၇/၂၀၁၉)

    (၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ —————————– (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် မိုင်(၂၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း … Read more

  • ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်

    နေပြည်တော်၊ ဧပြီ ၃၀ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ဒုတိယဥက္ကဌ(၁)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGOနှင့် CSOများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOများပါဝင်ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန် UEHRD ကော်မတီကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ကစတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌ အဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့ ပါကြောင်း၊ UEHRD … Read more

Sign Up

Upcoming Events