လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၅-၂၀၁၉) ရက်နေ့တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအုပ်စု၊ ဝါးရင်းချိုင်ကျေးရွာ၌ သောက်သုံးရေရှားပါး၍ အခက်အခဲကြုံတွေ့နေရသော ကျေးရွာနေပြည်သူ အိမ်ထောင်စု (၃၈၀) စု၊ လူဦးရေ (၁၅၀၀) ဦးခန့်တို့အတွက် သောက်သုံးရေ ဂါလံ (၁၄၀၀၀) အား ဦးစောထူးအောင်နှင့် အဖွဲ့(ကမ္မ)၊ ရဲမှူးသိန်းထွန်းဇော်+ဒေါ်ဆုမွန်ထိုက်မိသားစုနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့နှင့် အတူ ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)