သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၉)ရက်နေ့ (၀၇၀၀)နာရီအချိန်က မင်းလှမြို့နယ်၊ ကညင်းကြီးကျေးရွာအုပ်စု၊ ကညင်းကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သော  အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ် နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၅,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇,၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁)အိမ်ထောင်စာတို့အား  (၁-၅-၂၀၁၉) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events