လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများအား ပခုက္ကူမြို့နယ်၊ လက်ပန်ကျွန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ရန်အတွက် စေတနာလူမှုကူညီရေးအသင်းမှညှိနှိုင်းလာပါသဖြင့် (၃၀-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀)အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခင်း၊ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် စေတနာလူမှုကူညီရေးအသင်းမှ ဦးရဲကျော်ထက်ကစီမံကိန်းအားမိတ်ဆက်ရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာကျေးရွာနေပြည်သူ(၁၁၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။