Author Archives: Department of Disaster Management
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဆီဆိုင်မြို့နယ်၊ ဖာလိုင်အနောက်ကျေးရွာရှိ် ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေဂါလံ (၂၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဆီဆိုင်မြို့နယ်၊ လယ်တဖြီးကျေးရွာရှိ် ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေဂါလံ (၂၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၉-၅-၂၀၁၉)ရက်နေ့၊ နံနက်(၀၄:၃၀ )နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀,၀၀၀)ကျပ်၊ လူဦးရေ (၁၃)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ (၂၇,၃၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၆၇,၃၀၀)ကျပ်နှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တန်ဖိုးငွေ(၅၅,၅၃၀)ကျပ် တို့အား(၉-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mon_may2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဇလွန်မြို့နယ်၊ ကျေးရွာအုပ်စု(၄)စု(တောင်ပို့တစ်ရာ၊ကူးတို့ဆိပ်၊ ဖားလက်ခို၊ နန်းတော်ကျွန်း)ရှိ ကျေးရွာခွဲ(၅)ရွာတို့ ၌ (၆-၅-၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ (၅) လုံး(သစ်အိမ်-၂လုံး)(ဝါးအိမ်-၃လုံး)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၄)လုံး၊ စုစုပေါင်းအိမ်ခြေ(၉)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၈၂၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၅၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၁၉,၇၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၉၃၉,၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) (၅)အိမ်ထောင်စာ( တန်ဖိုး-၁၆၁,၇၅၆) ကျပ်၊ care myanmar ပလတ်စတစ်ဖျာ( ၅)ချပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၉၈၁,၄၅၆) ကျပ်တို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉ – ၅ – ၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ ရှားပါးမှု့ အခက်အခဲကြုံတွေ့နေရသော ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ရွှေအင်ဒုံကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၀)လုံး၊ အိမ်ထောင်စု(၁၁၀)စု၊ လူဦးရေ(၄၂၀)ဦးတို့အတွက် သောက်သုံးရေဂါလံ(၂၀၀၀)အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #krn_may2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူ မြို့နယ်၊အင်္ဂပူမြို့၊အမှတ်(၃)ရပ်ကွက် ၊မြနန္ဒာလမ်းတွင်(၈-၅-၂၀၁၉)နေ့မီးဘေးကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၊လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၂)စုရှိလူဦးရေ(၆)ဦးတို့အတွက်(၃၂,၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၂,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃၁၂,၆၀၀)ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ(၁)ချပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၉-၅-၂၀၁၉)ရက်နေ့တွင်အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ပါပါသည်။ #ha_fir #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု၊ ကျီးသဲအုပ်စု၊ နားခြံကုန်းအုပ်စု၊ ရွာခွဲ (၈) ရွာတို့တွင် ပြိုလဲနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ် (၁၅) လုုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၄၇၆၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၃) လုံးရှိ လူဦးရေ (၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၃၁၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၇၀၇၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)စု (သခွတ်ချောင်၊ ကြီးပေါက်ကုန်း၊ ဒေါင့်ကြီး၊ ညောင်ပင်ဝဲ) ရှိ ကျေးရွာခွဲ(၇)ရွာတို့၌ (၇.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ (ဝါးအိမ်-၂လုံး) တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၁) လုံး စုစုပေါင်းအိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၆၀၀၀၀/-) ဘေးသင့်လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ ( ၉၂၄၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
ဟိုပန်မြို့၊ စံပြကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာသော ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကွမ်းလုံမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ကန်မိန်းကျေးရွာအုပ်စုနှင့် ပန်ဟုန်းကျေးရွာအုပ်စုမှ မြောင်ဇီးလူမျိုးများသည် လက်နက်ကိုင်အဖွဲ့အစည်းတို့မှ လူသစ်စုဆောင်းမှုကြောင့် ဟိုပန်မြို့နယ်၊ စံပြကျေးရွာအုပ်စုသို့ပြောင်းရွှေ့လာသော အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၆၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) အိမ်ထောင်စု(၁၁)စုစာနှင့် ဆန်ရိက္ခာ(၇)ရက်(၁၄၂,၈၀၀)ကျပ်တို့ကို (၉-၅-၂၀၁၉)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟိုပန်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိတို့သည် ခရိုင်အထွေထွေအုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #shn_may2019 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) စုတို့တွင်၊ ပြိုလဲနေအိမ် (၁၅) လုံးနှင့် အမိုးလန်နေအိမ် (၂၅၁) လုုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၄၁၂၂၅၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၆၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၃၈၆၀၀/-) ကျပ် … Read more
