ဇလွန်မြို့နယ်၊ ကျေးရွာအုပ်စု(၄)စု(တောင်ပို့တစ်ရာ၊ကူးတို့ဆိပ်၊ ဖားလက်ခို၊ နန်းတော်ကျွန်း)ရှိ ကျေးရွာခွဲ(၅)ရွာတို့ ၌
(၆-၅-၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ (၅) လုံး(သစ်အိမ်-၂လုံး)(ဝါးအိမ်-၃လုံး)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၄)လုံး၊ စုစုပေါင်းအိမ်ခြေ(၉)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၈၂၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၅၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၁၁၉,၇၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၉၃၉,၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) (၅)အိမ်ထောင်စာ( တန်ဖိုး-၁၆၁,၇၅၆) ကျပ်၊ care myanmar ပလတ်စတစ်ဖျာ( ၅)ချပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၉၈၁,၄၅၆) ကျပ်တို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၉-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)