လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု၊ ကျီးသဲအုပ်စု၊ နားခြံကုန်းအုပ်စု၊ ရွာခွဲ (၈) ရွာတို့တွင် ပြိုလဲနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ် (၁၅) လုုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၄၇၆၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၃) လုံးရှိ လူဦးရေ (၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၃၁၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၇၀၇၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) ပြိုလဲ (၃) အိမ်ထောင်စာအား ရွှေတောင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၉-၅-၂၀၁၉) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)