
ကွမ်းလုံမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ကန်မိန်းကျေးရွာအုပ်စုနှင့် ပန်ဟုန်းကျေးရွာအုပ်စုမှ မြောင်ဇီးလူမျိုးများသည် လက်နက်ကိုင်အဖွဲ့အစည်းတို့မှ လူသစ်စုဆောင်းမှုကြောင့် ဟိုပန်မြို့နယ်၊ စံပြကျေးရွာအုပ်စုသို့ပြောင်းရွှေ့လာသော အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၆၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) အိမ်ထောင်စု(၁၁)စုစာနှင့် ဆန်ရိက္ခာ(၇)ရက်(၁၄၂,၈၀၀)ကျပ်တို့ကို (၉-၅-၂၀၁၉)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟိုပန်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိတို့သည် ခရိုင်အထွေထွေအုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#shn_may2019
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)