
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)စု (သခွတ်ချောင်၊ ကြီးပေါက်ကုန်း၊ ဒေါင့်ကြီး၊ ညောင်ပင်ဝဲ) ရှိ ကျေးရွာခွဲ(၇)ရွာတို့၌
(၇.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ (ဝါးအိမ်-၂လုံး) တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၁) လုံး စုစုပေါင်းအိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၆၀၀၀၀/-) ဘေးသင့်လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ ( ၉၂၄၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၅၂၄၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ (၂)အိမ်ထောင်စာ( တန်ဖိုး-၆၄၇၀၆/-) care myanmar ပလတ်စတစ်ဖျာ( ၂)ချပ် စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၈၁၇၁၀၆/-) ကို
လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source – ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)