Author Archives: Department of Disaster Management

  • မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      (၉.၅.၂၀၁၉)ရက်နေ့ ချောင်းဆုံမြို့နယ်၊ဆယ်ပလာကျေးရွာအုပ်စုတွင် မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃ဝဝ,ဝဝဝ) ကျပ်အား ကျန်ရစ်သူမိသားစုထံ(၉.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #mon_may2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၀.၅.၂၀၁၉)နေ့၌ ကသာခရိုင်၊ အင်းတော်မြို့နယ် လူစည်ကားရာနေရာဖြစ်သော မြို့မဈေးအနီး ကားဂိတ်နှင့် မြန်မာ့စီးပွားရေးဘဏ်ဒေါင့် အင်းတော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်ရဲစခန်း လမ်းဆုံတွင် မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      စစ်တွေမြို့၊ လမ်းမတော် တောင်ရပ်ကွက် အမျိုးသားကျောင်းတိုက်၌ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့မှ တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၆၉)ဦးနှင့် ကယုချောင်းကျောင်းတိုက်၌ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၁)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၇)စု၊ လူဦးရေ (၁၀၀)ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖို့ထောက်ပံ့ငွေ(၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (ကျား၊မ၊တီရှပ်၊တဘတ်)တို့အား (၁၀.၅.၂၀၁၉) ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်အဖွဲ့နှင့်အတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးတို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၅.၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ရေစကြိုမြို့နယ်၊  အမှတ် (၁) ရပ်ကွက်၊ နဂါးရုံရပ်မှ မီးဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ စုစုပေါင်းလူဦးရေ (၄) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈၄၀၀/-) အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀/- ) စုစုပေါင်း (၁၅၈၄၀၀/-) … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲ ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၁၄၀) လုံး၊ လူဦးရေ (၅၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #npw_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံးမှ  တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင်  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကလိန်အောင်တံတားထိပ်တွင် ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #tny_apr2019 Source – တနင်္သာရီတိုင်းဒေသကြီးဦးစီးမှုးရုံး (ဘစမ)

  • မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား လာရောက် တွေ့ဆုံမှုသတင်း

    မေလ ၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌လာရောက် တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ရန်ကုန်မြို့၌ မေလ(၆-၇)ရက်နေ့များတွင် ကျင်းပခဲ့သည့် ရခိုင် ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်မှုများအားပြန်လည်သုံးသပ် ခြင်းအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်မှု၊ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မှုများ၊ အစိုးရ၏ရခိုင်ပြည်နယ်တစ်ခုလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့်တရား ဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၅.၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စု၊ သင်ဘန်းကန်ကျေးရွာနှင့် လက်ပံခါးရှည်ကျေးရွာအုပ်စု၊ လက်ပံခါးရှည်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုမှ ပြိုလဲနေအိမ် (၁၅) လုံးနှင့် အမိုးလန်နေအိမ် (၅၆) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၅၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်မှ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၈၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆၇၈၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ ) (၁၅)အိမ်ထောင်စာတို့အား (၉.၅.၂၀၁၉)ရက်နေ့တွင် … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော နတ်မောက် မြို့နယ်၊ ရှမ်းကုန်းကျေးရွာရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၂၅၀) လုံး၊ အိမ်ထောင်စု (၂၆၅) စု၊ လူဦးရေ (၁၃၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၅၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ==================================

    (၄-၅-၂၀၁၉)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ကျေးရွာမှ ပင်လယ်ပြင်တွင်လေပြင်းကြောင့်စက်လှေနစ်မြုပ်သေဆုံးခဲ့သော ကိုဟိန်းစိုးလတ်အတွက် နာရေးထောက်ပံ့ငွေ (၃)သိန်းကို ကဘင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် (၉-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးရုံး မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #tny_may2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events