လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၉.၅.၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ရေစကြိုမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ နဂါးရုံရပ်မှ မီးဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ စုစုပေါင်းလူဦးရေ (၄) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈၄၀၀/-) အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀/- ) စုစုပေါင်း (၁၅၈၄၀၀/-) ကျပ်အား (၁၀.၅.၂၀၁၉) ရက်နေ့တွင် အမှတ် (၁) အုပ်ချုပ်ရေးမှူးနှင့်တကွ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_may2019
Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)