
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၆.၅.၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စု၊ သင်ဘန်းကန်ကျေးရွာနှင့် လက်ပံခါးရှည်ကျေးရွာအုပ်စု၊ လက်ပံခါးရှည်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုမှ ပြိုလဲနေအိမ် (၁၅) လုံးနှင့် အမိုးလန်နေအိမ် (၅၆) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၅၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်မှ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၈၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆၇၈၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ ) (၁၅)အိမ်ထောင်စာတို့အား (၉.၅.၂၀၁၉)ရက်နေ့တွင် ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)