လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော နတ်မောက် မြို့နယ်၊ ရှမ်းကုန်းကျေးရွာရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၂၅၀) လုံး၊ အိမ်ထောင်စု (၂၆၅) စု၊ လူဦးရေ (၁၃၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၅၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)