Author Archives: Department of Disaster Management
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာအုပ်စု၊ တပေါင်း၊ မြောက်တောကျေးရွာခွဲ၊ ဖက္ကနားကျေးရွာရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၃၀) လုံး၊ လူဦးရေ (၁၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၀၀၀) နှင့် ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာအုပ်စု၊ တပေါင်း၊ မြောက်တောကျေးရွာခွဲ၊ သစ္စည်း(တဲတိုက်) ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၅၇) လုံး၊ အိမ်ထောင်စု (၅၇) စု လူဦးရေ (၃၅၀) … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉)နေ့ညနေပိုင်း၌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရွာသစ်တိုက်နယ်ဆေးရုံအဝင်လမ်းဒေါင့်တွင် မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာအုပ်စု၊ ဖိုဝေးကျေးရွာ၌ (၁၁-၅-၂၀၁၉) ရက်နေ့၊ (၁၄:၃၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁) စုစာတို့အား … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ပန်ပက်ကျေးရွာအုပ်စု၊ ဆောင်လူးကနားကျေးရွာနှင့် ကတဲကူးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ခြေ/အိမ်ထောင်စု (၄)စုမှ လူဦးရေ (၂၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၄၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၀,၄၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၄၅၀,၄၀၀)တို့အား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၅-၂၀၁၉)ရက်နေ့ (၁၃၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်ဘုရားငူကျေးရွာအုပ်စု၊ မိုးသစ္စာကျေးရွာတွင် သဘာဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ အင်တောရွာသစ်(အလယ်ပိုင်း)၌ သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၀) လုံး၊ အိမ်ထောင်စု (၁၂၈) စု၊ လူဦးရေ (၇၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၂-၅-၂၀၁၉) ရက်နေ့တွင် ကျေးရွာအရောက်သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉)ရက်နေ့နံနက် (၁၀၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကျေးရွာမှ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်တို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းဗွီနိုင်းပိုစတာများအားကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဆာတန်ရော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ခြေ/အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၁၉၉,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄,၇၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၃,၇၀၀)တို့အား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ခန့်၌ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်တွင်နေအိမ်(၆)လုံးနှင့် ဒီးမော့ဆိုကျေးရွာအုပ်စု၊ မားနာပလော့ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၀)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၉၅၇,၀၀ဝ)နှင့် ဆန်ရိက္ခာတန်ဖိုး(၇)ရက်စာ (၉၀,၃၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၁,၀၄၇,၃၀ဝ) ကို (၁၀-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့က တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၁၀,၅၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး(၁)စုစာအား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
