လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာအုပ်စု၊ တပေါင်း၊ မြောက်တောကျေးရွာခွဲ၊ ဖက္ကနားကျေးရွာရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၃၀) လုံး၊ လူဦးရေ (၁၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၀၀၀) နှင့် ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာအုပ်စု၊ တပေါင်း၊ မြောက်တောကျေးရွာခွဲ၊ သစ္စည်း(တဲတိုက်) ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၅၇) လုံး၊ အိမ်ထောင်စု (၅၇) စု လူဦးရေ (၃၅၀) ဦးခန့်တို့အတွက် သောက်သုံးရေဂါလံ (၃၀၀၀) တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မီးသတ်ဦးစီးဌာန၊ ကူရှည်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ သင်္ဂဟပရဟိတအသင်းမှ ရေသယ်ယာဉ်ဖြင့် စုစုပေါင်းသောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာများအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)