Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့၊ (၁၁:၀၀) မှ (၁၂:၀၀)နာရီထိ ချောင်းဆုံမြို့နယ်၊ တော်ပွန်ကျေးရွာ ဆေးပေးခန်း၌ သဘာဝဘေးအသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လူထု(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါတက်ရောက် လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_may2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ကျေးရွာ အုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာတို့တွင် (၁၂-၅-၂၀၁၉)ရက်နေ့၊ (၁၆:၁၅)နာရီမှ (၁၆:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇)လုံး အမိုးလန် ပျက်စီးခဲ့ပြီး အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ စုစုပေါင်း (၂၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၄,၁၀၀)ကျပ်နှင့် နေအိမ် (၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၉,၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၇)အိမ်ထာင်စာတို့ကို (၁၃-၅-၂၀၁၉) … Read more
-
အပူရှောင်စခန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉)ရက်နေ့(၀၉:၀၀)နာရီအချိန်၌ ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးကျောင်းတွင် မြို့ပေါ်ရှိသက်ကြီး ဘိုးဘွား များ သက်တောင့်သက်သာ အေးချမ်းစွာ အနားယူနိုင်ရေးနှင့် အပူဒဏ်ကင်းဝေးပြီး ကောင်းမွန်စွာ နေထိုင်နိုင် ရန်အတွက် ဆရာတော် ဦးကောသလ္လ(ပုလဲဖြူ ငါ့သရောက်)၏ ဦးဆောင်မှုဖြင့် ပခုက္ကူမြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ ဥက္ကဌ ဒေါ်စိမ်းမြမြ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သက်ကြီး ဘိုးဘွားများနှင့်အတူအပူရှောင်စခန်းအားဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်၊၊ … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၃-၅-၂၀၁၉)ရက်နေ့(၁၀း၃၀)အချိန်၌ တပ်ကုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရှောက်ကုန်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာတွင် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခြင်း ဖြစ်ပွားခဲ့သော လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၀,၅၀၀)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ #ha_sgw #npw_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃.၅.၂၀၁၉) ရက်နေ့နံနက်( ၀၉:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ဂန့်အိတ်ကျေးရွာအုပ်စု၊ ဂန့်အိတ်ကျေးရွာမှ ကျေးရွာနေပြည်သူ (၁၂၀)ဦးခန့်တို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင် ဘေး(၈)မျိုးအား ဝေငှပေးခြင်းနှင့် ဗွီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပုဂံပုံကျေးရွာအုပ်စု၊ ပုဂံပုံကျေးရွာ၌ (၈-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ဘေးသင့်ပြည်သူ (၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ(၄,၂၀၀)ကျပ်၊ စုစုပေါင်း (၁၀၄,၂၀၀)ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၃-၅-၂၀၁၉)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၉)ရက်နေ့၌ ဝေါမြို့နယ်၊ နောင်ဂျမ်းကျေးရွာအုပ်စု၊ နောင်ဂျမ်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၃၁၂,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၂,၅၀၀)ကျပ်အား (၁၃-၅-၂၀၁၉)ရက်နေ့ (၁၀:ဝဝ) နာရီအချိန်တွင် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၈၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၄၄၀၀/-) ကျပ်၊ လုံးဝပျက်စီးအိမ်ထောင်စု (၈) စုအတွက် Jica စောင်နှင့်အိပ်ရာခင်း၊ ASK Kit၊ ဆော်ဒီမိုးကာစ (၄) မျိုးပါ အလှူပစ္စည်း (၈) စုံတို့ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်တို့နှင့်အတူ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နွယ်ရှောက်ရွာအုပ်စု ၊ ရွယ်ရှောက်ကျေးရွာကျေးရွာ၌ (၁၀.၅.၂၀၁၉)ရက်နေ့ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာနှင့်ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀,၅၀၀) ကျပ်အား (၁၃-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #sgg_may2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စုနှင့် ရေလယ်ကျွန်းစုတို့တွင် အမိုးလန်နေအိမ် (၂၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၁၆၀၅၀/-) ကျပ်အား ပန်းတောင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၃-၅-၂၀၁၉) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
