ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နွယ်ရှောက်ရွာအုပ်စု ၊ ရွယ်ရှောက်ကျေးရွာကျေးရွာ၌ (၁၀.၅.၂၀၁၉)ရက်နေ့ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာနှင့်ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀,၅၀၀) ကျပ်အား (၁၃-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#sgg_may2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)