လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၈၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၄၄၀၀/-) ကျပ်၊ လုံးဝပျက်စီးအိမ်ထောင်စု (၈) စုအတွက် Jica စောင်နှင့်အိပ်ရာခင်း၊ ASK Kit၊ ဆော်ဒီမိုးကာစ (၄) မျိုးပါ အလှူပစ္စည်း (၈) စုံတို့ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်တို့နှင့်အတူ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_may2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)