Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ပျက်စီးခဲ့သော မော်လိုက်မြို့နယ်၊ ထန်းပင်ကုန်း အုပ်စု၊ ပင်သာကျေးရွာရှိ ပျက်စီးခဲ့သော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀/-) ကျပ်အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး … Read more
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၂.၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါခူလီကျးရွာ၊ ဒေါကလော်လဲကျေးရွာများသို့ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ် (၂)စီး၊ ကေးလျားအုပ်စု၊ ဒေါပိုရှေ့ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာနှင့် ထီးသဲကူးကျေးရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၈)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီး၊ စုစုပေါင်းရေသယ်ယာဉ် (၁၁) စီးဖြင့် ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများသွားရောက် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၄) ၌ (၁၅-၅-၂၀၁၉) ရက်နေ့၊ (၁၃:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် လူဦးရေ (၂၂) ဦးတွက် တစ်ပတ်စာဆန်ဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၄၆,၂၀၀/-) … Read more
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မေလ (၁၇) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ကျုံလွတ်တမံကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေခြင်းအတွက် ကွင်းဆင်းသွားရောက်ပြီးသောက်ရေ (၈၀၀) ဂါလံကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု (၆၂) စု၊ လူဦးရေ (၂၇၅) ဦး နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ မေလ (၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ငှက်ချောင်းတမံကျေးရွာသို့ သောက်ရေဂါလံ (၈၀၀) ကို သွားရောက်ထောက့်ပံ့ပေးခဲ့ရာ အိမ်ထောင်စု (၉၁) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့နေမှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မေလ (၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာအုပ်စု၊ ဗျိုင်းကဇီးကျေးရွာတွင် မေလ (၁၁) ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁၇) စုမှ ပြည်သူများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းခဲ့ကြသည့် အဝတ်အထည်များ၊ ကျောင်းသုံးပစ္စည်းများ၊ ငွေကြေးများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်များမှ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ ပြည်သူများမှလိုအပ်ချက်များ တင်ပြချက်များကို ညှိနှိုင်းဆွေးနွေး ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်မှုများ ညှိနှိုင်းဆွေးနွေး
မေ – ၁၉၊ ရန်ကုန် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပပြုလုပ် ရာ အဆိုပါကော်မတီ၏ ဒုဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD အဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် UEHRD ကော်မတီအနေဖြင့် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်အတွက် … Read more
-
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထား ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး
မေ – ၁၉၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား မိုးရာသီမတိုင်မီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိူင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ုပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ရခိုင်ပြည်နယ် … Read more
-
“၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့” အထိမ်းအမှတ်ပြပွဲအခမ်းအနား၌ ပြခန်းပြသမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော “၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့” အထိမ်းအမှတ်ပြပွဲအခမ်းအနား၌ အခမ်းအနားသို့ တက်ရောက်လာသူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြခန်းရှိ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပြသခြင်း၊ သဘာဝဘေးအသိပညာပေး နံရံကပ် ပိုစတာများပြသခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ayy_may2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးများနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်များကို အများပြည်သူသိရှိစေရန်အတွက် အသိပညာပေးဗီးနိုင်း (၉ပေx၆ပေ) ပိုစတာ(၂)ခုအား မြိတ်မြို့နယ်လေယာဉ်ကွင်းလမ်းမနှင့် ကျွန်းစုမြို့နယ်လှေဆိပ်တို့တွင် (၁၉.၅.၂၀၁၉) ရက်နေ့တွင် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2019 Source – မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာရှိ အမိုးလန်ပျက်စီး ဘုန်းကြီးကျောင်း ဘုရားဓမ္မာရုံ (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်အား ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘုရားဂေါပကအဖွဲ့ထံသို့ (၁၈-၅-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
