လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာရှိ အမိုးလန်ပျက်စီး ဘုန်းကြီးကျောင်း ဘုရားဓမ္မာရုံ (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်အား ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘုရားဂေါပကအဖွဲ့ထံသို့ (၁၈-၅-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)