ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မေလ (၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာအုပ်စု၊ ဗျိုင်းကဇီးကျေးရွာတွင် မေလ (၁၁) ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁၇) စုမှ ပြည်သူများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းခဲ့ကြသည့် အဝတ်အထည်များ၊ ကျောင်းသုံးပစ္စည်းများ၊ ငွေကြေးများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်များမှ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ ပြည်သူများမှလိုအပ်ချက်များ တင်ပြချက်များကို ညှိနှိုင်းဆွေးနွေး ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_may2019
Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)