Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ အုပ်စု (၄)စု (ကွေ့မ၊ ရွှေပန်းတော၊ ကြံတော၊ ပိုးစုကြီး)၊ ကျေးရွာ(၆)ရွာတွင် (၂၁-၅-၂၀၁၉) နေ့ လေဘေးကြောင့် တစ်စိတ်တပိုင်းပျက်စီးခဲ့သော အိမ်ခြေ (၆) လုံး၊ ၎င်းအိမ်ထောင်စု (၆) စု ရှိ လူဦးရေ (၂၃) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃၉၈၃၀၀/)ကျပ်ကိုလည်းကောင်း (၂၂-၅- ၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု(၆)စု၊ ကျေးရွာ(၇)ရွာတို့တွင် (၂၀.၅.၂၀၁၉)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ကျောင်း(၁) ကျောင်း၊ ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ် (၅၈)လုံး ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အိမ်ခြေ(၆၁)လုံး၊ အိမ်ထောင်စု(၆၁)စု၊ လူဦးရေ စုစုပေါင်း(၂၅၂)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၅၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၂၉,၂၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ အမိုးလန်နေအိမ်(၅၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၈၂,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁,၉၁၁,၂၀၀)တို့အား … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည ်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တောင်မြင့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပေါက်မြို့နယ် တောင်မြင့်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာ၊ ဖအတောတဲတိုက်၌ (၂၀.၅.၂၀၁၉)ရက်နေ့၊ ညနေ(၁၉၃၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၁)ဦး မ(၁)ဦး၊ စုစုပေါင်း(၂)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၄၂၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀/-)၊ စုစုပေါင်း(၅၄၂၀၀/-) ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကံတော်ကျေးရွာရှိ နေအိမ် (၂၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၀၀၀၀/-) ကျပ်အား ကဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းချောင်းကျေးရွာအုပ်စု၊ မှန်စီကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား(၁၅၀)ဦးတို့ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်း စာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_may2019 Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည ်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ပိုးထိုးပင်ကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍဝမှ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း call center ရှိ hot-line ဖုန်းသို့ ဆက်သွယ်ပြောကြားလာမှုအရ စုစုပေါင်းသောက်သုံးရေဂါလ ံ(၁၆၀၀) အား (၂၂-၅-၂၀၁၉) ရက်နေ့ (၁၀း၀၀) အချိန်မှ (၁၁း၃၀) အချိန်ထိ သွားရောက်ကွင်းဆင်း လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_may2019 Source – ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေးပေါ်တုံပြန့်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့တွင် (၂၂-၅-၂၀၁၉) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု ဆိုင်ရာနည်းပြသင်တန်းသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Asian Preparedness Partnership မှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ (၁၉) ဦးအပါအဝင်စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ayy_may2019 Source: သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာ၊ မင်္ဂလာသောင်တန်းရွာတွင် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်လျက်ရှိရာ အဆိုပါကျေးရွာများရှိ အိမ်ထောင်စု (၂၉၀) စု၊လူဦးရေ (၁,၃၆၇) ဦးအတွက် သောက်ရေ (၁,၂၀၀) ဂါလံကို ကွင်းဆင်းသွားရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့နေမှုသတင်း
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ၏ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာနှင့်အဖွဲ့တို့သည် ( ၂၂- ၅ -၂၀၁၉) ရက်နေ့ နံနက်(၀၈း၀၀ )နာရီအချိန်တွင် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၃ ) နှစ်ခြင်းဇုံနယ်(ယာယီ)တိုက်ပွဲရှောင်စခန်းရှိအိမ်ထောင်စု (၇၇ )စု လူဦးရေ( ၃၅၇)ဦးတို့အတွက်တန်ဖိုးငွေ ( ၄,၃၉၀,၂၂၅ိ/-)တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား စားနပ်ရိက္ခာ (၁)လစာအား ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2019 Source … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီချိန်တွင် ကြံခင်းမြို့နယ်၊ ဘက်ရဲအမှတ် (၁)ရပ်ကွက်၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ပြုလုပ်ခဲ့ပြီး ဘက်ရဲအမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူ(၇၁)ဦးအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် (၈)မျိုးအား ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
