သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

22_Pic_01 22_Pic_02
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းချောင်းကျေးရွာအုပ်စု၊ မှန်စီကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား(၁၅၀)ဦးတို့ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်း စာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေခဲ့ကြောင်း သိရှိရပါသည်။
#ar
#bgo_may2019
Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events