လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည ်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ပိုးထိုးပင်ကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍဝမှ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း call center ရှိ hot-line ဖုန်းသို့ ဆက်သွယ်ပြောကြားလာမှုအရ စုစုပေါင်းသောက်သုံးရေဂါလ ံ(၁၆၀၀) အား (၂၂-၅-၂၀၁၉) ရက်နေ့ (၁၀း၀၀) အချိန်မှ (၁၁း၃၀) အချိန်ထိ သွားရောက်ကွင်းဆင်း လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#npw_may2019
Source – ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)