Author Archives: Department of Disaster Management
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့နယ်အသီးသီးမှ ရောက်ရှိလာသည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ အကွက်(၁၃) ဝိဘန္တဝါဒီ(ပရဟိတ)ကျောင်းတိုက်သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၂)ဦး တို့အား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် ဆန်ရိက္ခာ(၁)လစာဖိုး(၂၈၈,၀၀၀)ကျပ်တို့အား (၂၄.၅.၂၀၁၉)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် ပြည်သူလူထုများမုန်တိုင်းဘေး ရေဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ သိရှိနိုင်ရန်အတွက် ဘားအံမြို့နယ်အတွင်းရှိ တရုတ်လှလမ်းဆုံ၊ ကော့ကျ ိုက်လမ်းဆုံနှင့် ခလောက်နို့ (အုန်းတပင်)လမ်းဆုံတို့၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ပိုစတာမြေစိုက်ဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2019 Source – ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်း စာစောင်များ၊ ဗွီနိုင်းပိုစတာများ၊ နံရံကပ်ပိုစတာများနှင့် ရေသန့်ဆေးများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_may2019 Source: … Read more
-
ဂန့်ဂေါမြို့နယ်အတွင်းလေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာ၊ တော်ဝင်ကျေးရွာ၊ နှမ်းခါးကျေးရွာ၊ ရဲလှကျေးရွာနှင့် ချောင်းကောက်ကျေးရွာတို့တွင် (၂၂-၅-၂၀၁၉) ရက်နေ့နှင့် (၂၃-၅-၂၀၁၉) ရက်နေ့ တို့၌ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁) လုံး၊ အမိုးလန်အိမ်ခြေ (၄၀)လုံး၊ အိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၁၈၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၃၉၆,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၃၀၆,၀၀၀)ကျပ်၊ ဘာသာရေးအဆောက်အဦ(၄)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၃၇၀,၀၀၀)ကျပ်၊ စုစုပေါင်း (၃,၀၇၂,၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက် များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉/၂၀/၂၁-၂၀၁၉)ရက်နေ့၌ မင်းလှမြို့နယ်အတွင်းကျေးရွာအုပ်စု (၅)စုတွင်ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၄)လုံး၊ အမိုးလန်နေအိမ် (၄၃)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၅,၇၇၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၄)စုရှိလူဦးရေ (၂၀)ဦး တို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံငွေ (၄၂,၀၀၀)ကျပ်၊ အမိုးလန်ဘုရားကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၄၉၉,၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၄) အိမ်ထောင် စာတို့အား (၂၄-၅-၂၀၁၉)ရက်နေ့ နေ့လည် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့၌ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးရွာအုပ်စု (၄) အုပ်စုတို့တွင် ဖြစ်ပွားသော လေဘေးမှ ပြိုလဲနေအိမ် (၂) လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန်နေအိမ် (၃၂) လုံးတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၆၄၅၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၂) လုံးမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၇၇၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉) ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီတွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ကပျိုကျေးရွာအုပ်ချုပ်ရေးမှူး၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပေါက်မြို့နယ် ကပျိုကျေးရွာအုပ်စု၊ ကပျိုကျေးရွာ၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာ၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်စု၊ ညောင်ဝန်းပေါက်ကျေးရွာ၌ (၂၂.၅.၂၀၁၉) ရက်နေ့၊ ညနေ (၂၀း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ (၂)လုံးနှင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၅)လုံးတွင် အိမ်ထောင်စု (၇)စုမှ ကျား (၂၁)ဦး၊ မ (၁၆)ဦး၊ စုစုပေါင်း (၃၇)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ပဲကြီးအုပ်စုနှင့် ကြိုးကြာအုပ်စုတို့တွင် (၂၂-၅-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀,၃၀၀) ကျပ်တို့ကို (၂၄.၅.၂၀၁၉)ရက်နေ့ နေ့လည်(၁၁:၄၅)အချိန် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျးရွာအုပ်စု စက်ကုန်းကျေးရွာရှိ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၆၃၀၀/-) ကျပ်အား (၂၄-၅-၂၀၁၉) ရက်နေ့ (၁၁:၀၀) အချိန်တွင် လေဘေးသင့်မိသားစုထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #npw_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more
