လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

24 Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉) ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီတွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ကပျိုကျေးရွာအုပ်ချုပ်ရေးမှူး၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပေါက်မြို့နယ် ကပျိုကျေးရွာအုပ်စု၊ ကပျိုကျေးရွာ၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာ၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်စု၊ ညောင်ဝန်းပေါက်ကျေးရွာ၌ (၂၂.၅.၂၀၁၉) ရက်နေ့၊ ညနေ (၂၀း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ (၂)လုံးနှင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၅)လုံးတွင် အိမ်ထောင်စု (၇)စုမှ ကျား (၂၁)ဦး၊ မ (၁၆)ဦး၊ စုစုပေါင်း (၃၇)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၇၇၇၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၈၀၀၀၀/-)၊ စုစုပေါင်း (၄၅၇၇၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု(၂)စုစာကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2019

Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events