လေဘေးထောက်ပံ့မှုသတင်း

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျးရွာအုပ်စု စက်ကုန်းကျေးရွာရှိ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၆၃၀၀/-) ကျပ်အား (၂၄-၅-၂၀၁၉) ရက်နေ့ (၁၁:၀၀) အချိန်တွင် လေဘေးသင့်မိသားစုထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_sgw

#npw_may2019

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events