
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉/၂၀/၂၁-၂၀၁၉)ရက်နေ့၌ မင်းလှမြို့နယ်အတွင်းကျေးရွာအုပ်စု (၅)စုတွင်ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၄)လုံး၊ အမိုးလန်နေအိမ် (၄၃)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၅,၇၇၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၄)စုရှိလူဦးရေ (၂၀)ဦး တို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံငွေ (၄၂,၀၀၀)ကျပ်၊ အမိုးလန်ဘုရားကျောင်း(၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၄၉၉,၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၄) အိမ်ထောင် စာတို့အား (၂၄-၅-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများနှင့် အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_may2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)