Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ ကန်ကျဲကျေးရွာ၌ ကျေးရွာသူ/ ကျေးရွာသား (၅၀) ဦးတို့ကို လည်းကောင်း၊ နေ့လည်ပိုင်းတွင် သဲပြင်တော ကျေးရွာ၌ ကျေးရွာသူ/ ကျေးရွာသား (၈၀) ဦးတို့ကိုလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင် ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mdy_jun2019 ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုင်းထိဒဏ်ရာရရှိသူအားထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့တွင် မိုးထိမှန်ဒဏ်ရာရှိသော ဦးခန့်မာနော်ဂျာ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊မံဝိန်ကြီးကျေးရွာ KBC camp ၌နေထိုင်သူအတွက်  ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်အား (၇-၆-၂၀၁၉) ရက်နေ့ ၊ ညနေ (၁၄:၂၃) နာရီအချိန်တွင် မန်စီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌သွားရောက်ထောက်ပံပေး အပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #hr_otr #kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၊ (၂၉-၅-၂၀၁၉) ရက်နေ့၊ (၃၀-၅-၂၀၁၉) ရက်နေ့၊ (၃-၆-၂၀၁၉) ရက်နေ့နှင့် (၅-၆-၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မိုးညို မြို့နယ်ကျေးရွာအုပ်စု (၁၀) စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးတွင် ပြိုလဲနေအိမ် (၄၀) လုံး၊ အမိုးလန်နေအိမ် (၁၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၈၄၅၀၀/-) ကျပ်၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၉၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး … Read more

  • လေပြင်းဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

      လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉) ရက်နေ့၊ (၂၀:၄၅) အချိန်၌ လှိုင်းဘွဲမြို့နယ် ပေါလောက် ကျေးရာအုပ်စု၊ တောင်ကလေးကျေး ရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁) ဦးသေဆုံးခဲ့ပြီး ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀၀၀၀/-) ကျပ်နှင့် မိုးကြိုးဘေးအတွက် သေဆုံးသူ (၁) ဦး အတွက် (၃၀၀၀၀၀/-) … Read more

  • သဘာဝအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့ (၀၉:၃၀) ချိန်တွင် ဘားအံ့မြို့နယ်ကျန်းမာရေး ဦးစီးဌာန၌ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းအင်အား စုစုပေါင်း (၁၀၀) ဦးတို့တက်ရောက်ခဲ့ပြီးတက်ရောက်လာသူများအား အသိ ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သံတွဲခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၆-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအိမ်ခြေ (၉၉) လူဦးရေ (၃၉၇)ဦးအတွက် သောက်ရေသန့် (၂၀)လီတာဘူး (၉၉)ဘူးနှင့် သံတွဲမြို့နယ် ပဒဲကောကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအိမ်ခြေ (၄၄)အိမ်မှ လူဦးရေ (၁၉၈)ဦး အတွက် သောက်ရေသန့် (၂၀)လီတာဘူး (၄၄)ဘူးတို့အား ကျေးရွာအရောက်သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့ ၊နံနက်(၄:၃၀)နာရီအချိန်က နမ့်ခမ်းမြို့၊ အမှတ် (၈)ရပ်ကွက်၊ ပေါက်နေရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရာ အိမ်ခြေ/အိမ်ထောင်စု (၁)စု၊ လူဦးရေ(၁)ဦး အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၇-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သောက်သုံးရေအား သိုလှောင်ကန်အတွင်းသို့ သွားရောက်ဖြည့်ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ (၆-၆-၂၀၁၉)ရက်နေ့က သောက်သုံးရေလိုအပ်လျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာရှိသိုလှောင်ကန်အတွင်းသို့  ဂါလံ (၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီးဖြင့်  သွားရောက် ဖြည့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ပိုးထိုးပင်ကျေးရွာ၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍဝသည် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း call center ရှိ hot-line ဖုန်းသို့ဆက်သွယ်ပြောကြားလာမှုကြောင့် (၇-၆-၂၀၁၉) ရက်နေ့တွင် စုစုပေါင်း သောက်သုံးရေဂါလံ(၁၆၀၀) အား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_jun2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events