Author Archives: Department of Disaster Management

  • ရေဘေးသင့်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကသာခရိုင်ဦးစီးမှူးရုံးမှ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် (၁၈.၇.၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့အိမ်ထောင်စု(၄၆၃)စု၊ လူဦးရေ(၂၁၀၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၄၄၂၈၉၀ဝိ/-)အား (၁၉့ရ့၂၀၁၉)ရက်နေ့တွင် ထီးချိုင့်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးစခန်းများသို့ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_jul2019 Source:         ကသာခရိုင်ဦးစီးမှူးရုံး

  • ပရဟိတကျောင်းရှိ ပညာသင်ကြားနေသောကျောင်းသား/သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ ၂၀၁၇ခုနှစ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း သြဂုတ်လ အကြမ်းဖက်ဖြစ်စဉ်ကြောင့် တောင်ပြိုလက်ဝဲမြို့၊ နံသာတောင်ပညာဒါန(ပရဟိတ)ကျောင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/ သူ(၄၂၀)ဦးသည် မောင်တောမြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆက်လက်ပညာသင်ဆည်းပူးလျက်ရှိသောကြောင့် အဆိုပါ ကျောင်းသား/ သူ (၄၂၀)ဦးအတွက် ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက်ဖြင့် ဆန်(၈)ပြည်အိတ် (၄၂၀)အိတ်ပဲ(၁.၅)ပိဿာထုပ် (၄၂၀)ထုပ်၊ ဆီ(၄၂၀)လီတာ၊ ဆား(၂၅)ကျပ်သားထုပ် (၄၂၀)ထုပ် စားနပ်ရိက္ခာ (၁)လစာအား (၁၈.၇.၂၀၁၉)ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jul2019 Source:         မောင်တောခရိုင်ဦးစီးမှူးရုံး

  • ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့ခဲ့ရသည့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ဘိုကုန်းကျေးရွာ၌(၁၈-၇-၂၀၁၉)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုပြောင်းရွှေ့ရသော အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးငွေ (၁၂၆၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့မှတာဝန်ရှိသူများနှင့်အတူ(၁၉-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_rbe # kcn_jul 2019  

  • မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် မိုင်းကိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌဖြစ်သူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖများ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြပြီး နေ့လည်(၁၂း၀၀)ချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2019  

  • လေပြင်းဘေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း

            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့တွင် ဘောလခဲခရိုင်၊ ရွာသစ်မြို့၊ ဆင်ဖြူရှင်လမ်းနှင့် တေဇလမ်းထောင့်တွင် လေပြင်းဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2019  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၉) ရက်နေ့ ဘောလခဲခရိုင်၊ ရွာသစ်မြို့၊ အထက(ရွာသစ်)ကျောင်းရှိ ကျောင်းသား/သူ(၂၁၁)ဦးနှင့် လွိုင်ကော်မြို့အထက(၂)ကျောင်းရှိ ကျောင်းသား/သူ (၆၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2019

  • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် (၁၄-၇-၂၀၁၉)ရက်နေ့၌ လေဘေးကြောင့်မှ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ပြိုလဲနေအိမ်(၂၉)လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂၉)လုံးနှင့် အမိုးလန်နေအိမ်(၅၈)လုံးမှ လူဦးရေ(၃၇၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၉၃၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၉၃၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ) (၂၉)အိမ်ထောင်စာတန်ဖိုးငွေ(၉၃၈၂၃၇/-)ကျပ်တို့အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၁၈-၇-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo_jul 2019  

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့်အတွက်ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ညောင်ဝန်းကျေးရွာတွင် (၁၇-၇-၂၀၁၉)ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၁၆၈၀၀/-)ကျပ်အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # sgg_jul 2019  

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့်အတွက်ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ ကျွန်းညိုကျေးရွာ၊ နတ်ပေးကျေးရွာနှင့် ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာ၊ ချစ်သူကျေးရွာတို့တွင် (၁၈-၇-၂၀၁၉)ရက်နေ့၊  (၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် လူနေအိမ်(၅) လုံး၊အိမ်ထောင်စု(၅)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၅၀၄၀၀/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/- )စုစုပေါင်း(၅၅၀၄၀၀/-)ကျပ်အား (၁၈-၇-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_rbe … Read more

  • တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

        ၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌တိုင်းဒေသကြီး/ပြည်နယ်(၈)ခုတွင် ရေကြီးရေလျှံမှုများစတင်ဖြစ်ပွားခဲ့ပြီးစုစုပေါင်းအိမ်ထောင်စု(၈၉၀၀)ကျော်၊ လူဦးရေ(၄၅၀၀၀)ကျော်တို့သည် ယာယီရေဘေးရှောင်နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်  ချင်းပြည်နယ်တို့တွင် ရေဘေးရှောင်ပြည်သူများသည်၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြပြီးစခန်းများလည်း ပိတ်သိမ်းပြီးဖြစ်ပါသည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ လျက်ရှိကြောင်းသိရှိရပါသည်။ (၁၈-၇-၂၀၁၉)နေ့အခြေအနေအရ- စစ်ကိုင်းတိုင်းဒေသကြီးခန္တီး၊ ကသာ၊ ထီးချိုင့်နှင့် ကန့်ဘလူမြို့နယ်များ၌ အိမ်ထောင်စု(၁၅၀၀)ကျော်၊လူဦးရေ(၇၄၀၀)ကျော်တို့သည် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၌သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များတွင် အိမ်ထောင်စု(၇၅၀)ကျော်၊လူဦးရေ(၃၆၀၀)ကျော်တို့သည် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၌ အိမ်ထောင်စု(၂၀)ကျော်၊ လူဦးရေ(၉၀)ကျော်တို့သည်လည်းကောင်း ယာယီ ရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more

Sign Up

Upcoming Events