Author Archives: Department of Disaster Management
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် နားဋောင်းလှကျေးရွာနှင့် ကျောက်တောကျေးရွာတို့၌ COVID -19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိ ပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက် များဖြင့် လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မီးဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်ရှိ ကလပ်ရပ်ကျေးရွာ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက် ၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပေးကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းများ၊ သဘာဝဘေးအန္တရာယ် (မီးဘေး) အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ် (၁၁)ခုရှိ အိမ်ထောင်စု (၈၅၆)စု ၊ လူဦးရေ (၃,၈၀၄) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၃၄,၂၃၆,၀၀ဝ)ကျပ်တို့ကို (၂၆ -၁၁-၂၀၂၀) ရက်နေ့ (၁၄:၃၀) အချိန်တွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ အမ်းမြို့နယ်အတွင်း ဒုက္ကံကျေးရွာဘက်စုံသုံး ခန်းမရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထုံးအိတ် (၃)လစာ (၁၀ ပိဿာပါ) (၁၅) အိတ်၊ ဆပ်ပြာ(၃)လစာ (၂၀၁)တောင့်၊ Handsanitizer … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံလတာကျေးရွာအုပ်စု၊ လမုတန်းကျေးရွာတွင် (၂၄-၁၁-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထာင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၁၀,၅၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ( ၁၁၀,၅၀၀) ကျပ်တို့ကို(၂၆-၁၁-၂၀၂၀)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_nov2020 … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ သက္ကယ်ချင်းကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာ၊ ဝက္ကမူကျေးရွာနှင့် ဗောဓိကုန်းကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား (၂၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #npw_nov2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင်(၂၄-၁၁-၂၀၂၀)ရက်နေ့နှင့်(၂၆-၁၁-၂၀၂၀)ရက်နေ့တို့၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၄၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၉၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၉၂၄၀ဝိ/-)၊ စုစုပေါင်းကျပ်(၉၉၂၄၀ဝိ/-)အား(၂၆-၁၁-၂၀၂၀)ရက်နေ့၊(၁၄:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည် (၁၃:၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မြရတနာရပ်ကွက်၊မြကန်သာရပ်ကွက်၊ မြဟေမာရပ်ကွက်၊ မြစန္ဒာရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar #ayy_nov2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါနှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ (၂၆-၁၁-၂၀၂၀) ရက်နေ့၌Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှိ Community Based Facility Quarantineတွင် ရောက်ရှိ နေထိုင်သည့် ပြည်သူ (၁၄၃) ဦးခန့်အား(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ လည်းကောင်း သထုံမြို့ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက် (၄) ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာတွင် (၂၁-၁၁-၂၀၂၀) ရက်နေ့၌ မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် နေအိမ် (၂)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရာ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀)ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)ကျပ်၊ စုစုပေါင်း (၂၂၁,၀၀၀) ကျပ်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်အုပ်စု၊ လက်ပံကုန်းကျေးရွာတွင်(၂၄-၁၁-၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသောအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၂၀၀၀၀ဝိ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၆၃၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၀၆၃၀ဝိ/-)တို့ကို (၂၆-၁၁-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
