တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ် (၁၁)ခုရှိ အိမ်ထောင်စု (၈၅၆)စု ၊ လူဦးရေ (၃,၈၀၄) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၃၄,၂၃၆,၀၀ဝ)ကျပ်တို့ကို (၂၆ -၁၁-၂၀၂၀) ရက်နေ့ (၁၄:၃၀) အချိန်တွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လည်းကောင်း၊ အမ်းမြို့နယ်အတွင်း ဒုက္ကံကျေးရွာဘက်စုံသုံး ခန်းမရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထုံးအိတ် (၃)လစာ (၁၀ ပိဿာပါ) (၁၅) အိတ်၊ ဆပ်ပြာ(၃)လစာ (၂၀၁)တောင့်၊ Handsanitizer (၁၀) ဘူး၊ ကမ်းဒိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်ပြည်သူ များအတွက် ဆပ်ပြာ(၃)လစာ (၂၄၉) တောင့်၊ Handsanitizer (၃၄)ဘူး၊ တိုက်ပွဲရှောင်စုရပ် (၆) ခုရှိ ပြည်သူများအတွက်Handsanitizer (၆၄၁) ဘူးအား (၂၆-၁၁-၂၀၂၀) ရက်နေ့ (၁၇:၃၀) အချိန်တွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ စျေးတောင်ရပ်ကွက် တိုက်ပွဲရှောင်စခန်းနှင့် မိုးလုံလေလုံအားကစားခန်းမတိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအတွက် ထုံးအိတ် (၃)လစာ (၁၀ ပိဿာပါ) (၃၀)အိတ်၊ ဆပ်ပြာ(၃)လစာ (၅,၂၃၂)တောင့်၊ ခေါက်ဆွဲခြောက်သေး(၁,၀၅၀) ထုပ်နှင့် Handsanitizer (၂၆၄) ဘူးအား (၂၆-၁၁-၂၀၂၀)ရက်နေ့ (၁၇:၀၀)အချိန်တွင် တိုက်ပွဲရှောင်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#rke_nov2020
 
 
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events