လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက် (၄) ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာတွင် (၂၁-၁၁-၂၀၂၀) ရက်နေ့၌ မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် နေအိမ် (၂)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရာ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၀)ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)ကျပ်၊ စုစုပေါင်း (၂၂၁,၀၀၀) ကျပ်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၆-၁၁-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)