(Covid-19) ရောဂါနှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ (၂၆-၁၁-၂၀၂၀) ရက်နေ့၌Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှိ Community Based Facility Quarantineတွင် ရောက်ရှိ နေထိုင်သည့် ပြည်သူ (၁၄၃) ဦးခန့်အား(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ လည်းကောင်း သထုံမြို့ န.တ.လ သင်တန်းကျောင်းရှိ Community Based Facility Quarantine တွင် ရောက်ရှိနေထိုင်သည့် ပြည်သူ (၁၀၁) ဦးခန့်ကို (၁၄:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိ လည်းကောင်း ပြည်သူများသိရှိစေရန် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

#ar
#mon_nov2020

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events