လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည် (၁၃:၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မြရတနာရပ်ကွက်၊မြကန်သာရပ်ကွက်၊ မြဟေမာရပ်ကွက်၊ မြစန္ဒာရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)