Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ ဇီးဒေါင့်ကျေးရွာတွင် (၁၅.၇.၂၀၁၉)ရက်နေ့၌ ကမ်းပါးပြိုကျသဖြင့် နေအိမ်(၁)လုံးဖျက်သိမ်းပြောင်းခဲ့ရသဖြင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)ကျပ်နှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀ဝိ/-)ကျပ် အား (၂၆.၇.၂၀၁၉)ရက်နေ့တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source:         ကလေးခရိုင်ဦးစီးမှူးရုံး

  • ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၇.၂၀၁၉) ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်း အနိမ့်ပိုင်းကျေးရွာများရှိ ပြည်သူများအား ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟင်္သာတခရိုင်လူမှုကွန်ရက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး

  • ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊အေးရွာကျေးရွာ၊ ရွာစည်ကျေးရွာအုပ်စု၊ ဖိုးတုတ်ဖြူကျေးရွာနှင့် အမှတ်(၁၂)ရပ်ကွက်တို့တွင် (၂၂/၂၄.၇.၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၀၆) လုံး၊ အိမ်ထောင်စု(၂၀၆)စု၊ စုစုပေါင်းလူဦးရေ(၉၁၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၉၁၉၄၀ဝိ/-)(ကျပ်တစ်ဆယ့်ကိုးသိန်းတစ်သောင်းကိုးထောင့်လေးရာတိတိ)အား (၂၅.၇.၂၀၁၉)ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ရ ပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_jul2019 Source:         မြင်းခြံမြို့နယ်ဦးစီးမှူးရုံး

  • ဘေးလျော့ပါရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း (၃၅) ဦးဖြင့် (၂၅.၇.၂၀၁၉)ရက်မှ (၂၆.၇.၂၀၁၉) ရက်ထိ စစ်တွေမြို့၊ #ar #rke_jul2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

  • တင်ဒါလျှောက်လွှာ စိစစ် စစ်ဆေးမည့် အစည်းအဝေးကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၉)ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်တွင် ရွာတွင်း-ရွာပြင်လမ်း (၃/၂.၂မိုင်× ၁၈’×၈”)ရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း၏ တင်ဒါလျှောက်လွှာအား စိစစ် စစ်ဆေးမည့်ညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #bgo_jul2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

  • ရေဘေးကာကွယ်ရေး အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၉) ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မိုးညိုမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရေဘေးကာကွယ်ရေးတာများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ကျင်းပခဲ့ပြီး မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် တာများကျိုးပေါက်မှုနှင့် ပျက်စီးမှုမရှိစေရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးတို့နှင့်ပတ်သက်၍ ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ၊ ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကို တာကင်းတဲများတွင် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးချထားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်/မြောင်းဦးစီးဌာန၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ … Read more

  • လေဘေသင့် အိမ်ထောင်စုများအားထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအတွင်း (၂၄.၇.၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် အမိုးသွပ်လန်ပျက်စီးခဲ့သည့် လူနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၉၀,၀၀ဝိ/-)၊ လူဦးရေ (၄၅)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၉၄,၅၀ဝိ/-)၊ စုစုပေါင်း(၃၈၄,၅၀ဝိ/-)အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခြင်းနှင့် ၎င်းကျေးရွာမှ ပြည်သူများအား သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ (DAN) Mobile Application ဖြန့်ဝေခြင်းများအား (၂၄.၇.၂၀၁၉)ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2019 Source:         သထုံခရိုင်ဦးစီးမှူးရုံး

  • လေဘေးထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်တွင် (၂၃-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀)အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၆,၈၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၆,၈၀ဝိ/-)ကို (၂၄-၇-၂၀၁၉)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_jul2019 Source:                   ညောင်ဦးခရိုင်ဦးစီးမှူးရုံး

  • ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုု မြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊အောင်ပန်းချောင်းကျေးရွာတွင် (၂၄.၇.၂၀၁၉)ရက်နေ့၊ (၁၁း၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၂) လုံး၊ အိမ်ထောင်စု(၂)စု၊ စုစုပေါင်းလူဦးရေ(၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၆၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/- )၊ စုစုပေါင်း(၂၁၆၈၀ဝိ/-)ကျပ်အား (၂၄.၇.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ အောင်ပန်းချောင်းကျေးရွာအုပ်ချ ုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2019 Source:         ရေစကြိုမြို့နယ်ဦးစီးမှူးရုံး

  • ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၂၃-၇-၂၀၁၉) ရက်နေ့နှင့် (၂၄-၇-၂၀၁၉)ရက်နေ့ ၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ(၈၅)လုံး၊ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ (၃၀၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၄,၆၈၀၀/-) ကျပ်အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # ha¬_fld # mgy_jul 2019 … Read more

Sign Up

Upcoming Events