Author Archives: Department of Disaster Management

  • လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့ အင်္ဂပူမြို့နယ်၊ ကျီးကြီးကျေးရွာအုပ်စု၊ တဲကြီးစုကျေးရွာတွင် လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၊ အိမ်ခြေ(၁)လုံးမှ အိမ်ထာင်စု(၁)စုရှိလူဦးရေ(၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောင်ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၈၄၀၀/-) ကျပ် ကို (၈-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_aug 2019

  • လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အပော်ဆိပ်ကျေးရွာ (ပသျှူးချောင်း)၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ပြိုကျပျက်စီးခဲ့သော ပြိုကျနေအိမ် (၃)လုံးမှ အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)၊ အမိုးလန်ပျက်စီးခဲ့သောနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-) ၊ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံငွေ (၅၀၀ဝဝ/-) စုစုပေါင်းထောက်ပံ့ငွေ (၄၆၇၈၀၀/-)ကျပ်တို့ကိုလည်းကောင်း၊ (၅-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အပေါ်ဆိပ်ကျေးရွာ … Read more

  • လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ စော်ကဲကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ် (၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အမိုးလန်ပျက်စီးသွားသော နေအိမ် (၂)လုံးတို့အတွက် (၁)အိမ်လျှင် (၅၀၀၀ဝ/-)ဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀ဝ၀၀/-)နှင့် လေဘေးသင့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၅)ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)နှုန်းနှင့် (၃၁၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၂၃၁၅၀၀/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့တွင် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့၊နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀)နာရီအထိတာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုး အစားအလိုက် ဘေးကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းများကစားခြင်းဖြင့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၀၀)ဦးအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug 2019 Source;တာချီလိတ်မြို့နယ်ဦးစီမှုးရုံး (ဘစမ) … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့(၁၈း၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မုသာကျေးရွာအုပ်စု၊ ငါးနန္ဒာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်ကို (၈-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #sgg_aug 2019

  • လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု၊ ရေလှိုင်းတိုက်ခတ်မှုတို့ကြောင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ရွှေပြည်စိုးရပ်ကွက်တို့၌ ပြိုကျပျက်စီးအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ လူ(၁၅)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၈)မျိုး (၃)အိမ်ထောင်စာတို့ အားလည်းကောင်း၊ ရွာသာယာရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ လူ(၈)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာတို့အားလည်းကောင်း၊ ရွှေပြည်စိုးကျေးရွာမှ ပြိုကျပျက်စီးအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၈)မျိုး (၁)အိမ်ထောင်စာတို့ကို (၃-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး … Read more

  • လေဆင်နှာမောင်းတိုက်ခက်မှုကြောင့်ပြိုလဲနေအိမ်များအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီမှုးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့နှင့် (၇-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ရုံးကြီးရပ်ကွက်နှင့် ခမွန်ကံကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမာင်းတိုက်ခတ်မှုမှ ပြိုလဲနေအိမ်(၅)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်မှ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၄၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံးအပါ) (၅)အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ကဝမြို့နယ်ဦးစီမှုးရုံး (ဘစမ) #ha_stt #bgo_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီမှုးရုံးမှတာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိရတနာရပ်ကွက်၊ ဓမ္မာရုံတွင် ပြည်သူလူထု (၁၀၀) ဦးအား (၇-၈-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မိုးကြိုးဘေးဗီနိုင်း ပိုစတာပေးအပ်ခဲ့ပါသည်။တက်ရောက်လာသူများကို လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များလည်းဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ပြည်ခရိုင်ဦးစီမှုးရုံး (ဘစမ) #ar #bgo_aug 2019

  • လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု၊ ရွာရှည်(မ)ကျေးရွားနှင် ကျွန်းလည်ကျေးရွာအုပ်စု၊ ကျွန်းလည်ကျေးရွာတို့၌ (၅-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်ဘေးသင့်ခဲ့သော အိမ်ထောင်စု(၃) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံငွေစုစုပေါင်းကျပ်(၁၅၅၀၀၀/-)ကျပ်ကို (၇-၈-၂၀၁၉)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် တန့်ဆည်မြု့ိနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #sgg_aug 2019  

  • မီးဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ လယ်တီရပ်ကွက် နယ်မြေ(၂ ) သပြေပင်တောရလမ်းမှ (၆-၈-၂၀၁၉)ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀၅၀၀/-) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)  စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး( ၁)အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more

Sign Up

Upcoming Events