လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု၊ ရေလှိုင်းတိုက်ခတ်မှုတို့ကြောင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ရွှေပြည်စိုးရပ်ကွက်တို့၌ ပြိုကျပျက်စီးအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ လူ(၁၅)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၈)မျိုး (၃)အိမ်ထောင်စာတို့ အားလည်းကောင်း၊ ရွာသာယာရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ လူ(၈)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာတို့အားလည်းကောင်း၊ ရွှေပြည်စိုးကျေးရွာမှ ပြိုကျပျက်စီးအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း(၁၈)မျိုး (၁)အိမ်ထောင်စာတို့ကို (၃-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#tny_aug 2019

Sign Up

Upcoming Events