လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ စော်ကဲကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ် (၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အမိုးလန်ပျက်စီးသွားသော နေအိမ် (၂)လုံးတို့အတွက် (၁)အိမ်လျှင် (၅၀၀၀ဝ/-)ဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀ဝ၀၀/-)နှင့် လေဘေးသင့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၅)ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀/-)နှုန်းနှင့် (၃၁၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၂၃၁၅၀၀/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mon_aug 2019

Sign Up

Upcoming Events